Friday, March 2, 2012

ပင်ပန်းသော်လည်း အပြုံးမပျက်ခဲ့ကြပါ …

ဒီနေ့ညနေ ဟင်္သာတရေဘေးဒုက္ခသည်တွေဆီကို လိုအပ်တဲ့ပစ္စည်းတွေသွားလှူဖို့ ရှိတယ်လေ … ကျွန်မ ဆုတောင်းနေမိပါတယ် … အချိန်တွေမြန်မြန်ကုန်လို့ ညနေမြန်မြန်ရောက်ပါစေပေါ့ … ရုံးမှာဂဏာမငြိမ်ဖြစ် နေလို့တောင် ရုံးကအစ်မတွေက စလိုက်ပါသေးတယ် .. “အော် .. ငါတို့ညီမလေး သိပ်မသွားချင်ရှာဘူးကိုး” တဲ့ .. သူတို့တွေစနောက်လာအောင်ပဲ တစ်နေကုန် ရုံးမှာအလုပ်တွေရှုပ်နေမိပါတယ် … ရုံးအလုပ်တော့မဟုတ် ဘူးပေါ့ .. ကျွန်မချစ်သော STA ရဲ့ဟင်္သာတအလှူလေးအတွက်ပေါ့ .. အလှူရှင်တွေဆီက ဖုန်းလာလို့ ကိုအနက်တို့ဆိုင် လိပ်စာနဲ့ဖုန်းနံပါတ်တွေပြောပြီး အလှူပစ္စည်းတွေ အဲဒီလိပ်စာလေးကိုပို့ပေးဖို့ဆိုတဲ့ အကြောင်း .. ကျွန်မရုံးနဲ့ အနီးဆုံးမှာရှိတဲ့ အလှူရှင်တွေကိုလည်း ရုံးကိုလာပေးလို့ရတယ်ဆိုတဲ့ အကြောင်း တွေကို ဖုန်းနဲ့တစ်မျိုး အွန်လိုင်းပေါ်မှာ တစ်မျိုး ရှင်းပြပေးနေရပါတယ် .. ရုံးမှာလည်း အလှူငွေကို လိုက်ကောက်လို့ ရေဘေးအလှူအတွက် သိပ်ကိုတက်ကြွနေတာပေါ့ .. ကျွန်မတင် ဘယ်ဟုတ်လိမ့်မလည်း .. အလှူခရီးစဉ်လေးမှာ လိုက်ပါမယ့် မောင်နှမတွေကလည်း လိုင်းပေါ်မှာတွေ့လည်း “မိုးညရေ စုရပ်ကို ဘယ်အချိန်လာမှာလည်း .. စောစောလာနော်” .. ဖုန်းတွေဆက်လို့လည်းတစ်ဖုံ ချိန်းဆိုနေကြတာကလည်း ပျော်ရွှင်ရင်ခုန်စရာလေးဖြစ်ခဲ့ပ
ါတယ် …
ညနေ (၄း၃၀)တော့ အလှူပစ္စည်းတစ်ထုပ်ကို ဆွဲလို့ ကားငှားပြီး အိမ်ကိုအပြေးအလွှားလေးပြန် .. ရေမိုးချိုးလို့ ညီမလေးဇလပ်နဲ့ အဝေ(ဝေယံမင်း)တို့ကို စောင့်နေလိုက်ပါတယ် .. သူတို့ရောက်လာတာနဲ့ ရန်ကင်းက အလှူရှင်တစ်ဦးဆီက အလှူပစ္စည်းတစ်ချို့ဝင်ယူပြီး ကျွန်မတို့ခရီးစဉ်လေးထွက်ခွာမယ်
့ စုရပ်ဖြစ်တဲ့ လှည်းတန်း၊ ဗဟိုလမ်းမှာရှိတဲ့ ကိုအနက်ရောင်နဲ့ မမသီတာတို့ရဲ့ Zeus Internet Café ဆိုင်လေးကို ရောက်ရှိ လာပါတယ်. .. ကားပေါ်ကအဆင်းမှာပဲ ကိုညီလင်းဆက်၊ ကိုညီတို့ရဲ့ နှုတ်ဆက်သံနဲ့အတူ နောက်ထပ်ရောက်ရှိလာမယ့် အဖွဲ့ဝင်မောင်နှမတွေကို စောင့်ဆိုင်းရင်း မမသီတာဆီ အလှူပစ္စည်းနဲ့ အလှူငွေတွေ အပ်နှံလိုက်ပါတယ် … ည (၁၀း၃၀)လောက်မှာတော့ ကျွန်မတို့ရဲ့ ဟင်္သာတရေဘေးအလှူလေး ကို စတင်ခဲ့ပါပြီ ……
ကားစထွက်လာတော့ ကျွန်မကြားလိုက်ရတာ STA ရဲ့ သီချင်းသံလေးတွေပါပဲ .. ခရီးစဉ်အစလေးမှာ အဖွဲ့သီချင်း (၃)ပုဒ်လုံးကို မောင်နှမတွေတစ်ပြိုင်နက်သီဆိုသံ ကြားလိုက်ရတော့ ကျွန်မတောင် ကြက်သီးထမိပါတယ် … ကျွန်မတို့ကားပေါ်မှာ ညီမလေးဇလပ်နဲ့ မောင်လေးသွေးစက်တို့ရဲ့ အသံတွေနဲ့ ဆူညံပျော်ရွှင်နေရသလို အခြားနောက်တစ်စီးမှာလည်း မောင်လေးကျီးကန်းနဲ့ ကိုလင်းခိုင်၊ အစွတ်တို့ရဲ့ စနောက်သံလေးတွေနဲ့လည်း ပျော်ရွှင်စရာကောင်းလှပါတယ် … လမ်းခရီးမှာ ကျွန်မတို့လိုက်ပါလာတဲ့ Container ကားနဲ့ ကိုလင်းခိုင်တို့ စီးနင်းလိုက်ပါလာတဲ့ Light Truck (၂)စီးတို့ အပြန်အလှန်ပြိုင်မောင်း လို့ တစ်စီးနဲ့တစ်စီးကျော်တက်ဖြစ်ရင် အောင်ဟစ်ဆူညံလို့ ကလေးငယ်များလိုပျော်ရွှင်ရယ်မောေ
နကြပါတယ် …
ပထမအစမှာ သိပ်မသိသာပေမယ့် ဓနုဖြူနဲ့ ဇလွန်ကြားလမ်းခရီးမှာတော့ ကြမ်းလိုက်တဲ့လမ်း၊ ကျွန်မတို့ကား နောက်ခန်းမှာထိုင်တဲ့ မောင်နှမတွေတော့ တော်တော်မသက်သာလိုက်တဲ့ ဖြစ်ခြင်း၊ ဒါတောင်အပြုံးမပျက်၊ သီချင်းသံမပျက် သီဆိုပျော်ရွှင်နေလိုက်ကြတာများ ……….လမ်းခရီးတစ်လျှောက် ရပ်နားလိုက် အပန်းဖြေလိုက်၊ KTM ရေသန့်ကားဘီးပေါက်လို့ စောင့်လိုက်နဲ့ မနက် (၅း၃၀)မှာတော့ ဇလွန်မြို့ကို ရောက်ရှိလာပါပြီ … ဒါနဲ့ မနက်စာစား၊ ဇလွန်ဘုရားဝင်ဖူးပြီး မနက် (၆း၁၀)မှာတော့ ဟင်္သာတမြို့ကို ချီတက်ခဲ့ကြပါတယ် … ဟင်္သာတမရောက်ခင်လမ်းခုလတ်မှာ မိုးဖွဲလေးတွေကျလာတော့ ကျွန်မတို့ မောင်နှတွေ ကျန်ကျောင်းကျွတ်ကျွတ်အိတ်တွေကိ
ု ခေါင်း၊ လက်တွေဖောက်လို့ တူညီဝတ်စုံလေးတွေနဲ့ လှနေခဲ့ပြန်ပါသေးတယ် ……
မနက် (၆း၄၅)မှာတော့ ဟင်္သာတမြို့အ၀င်ဝနားမှာရှိတဲ့ မစိုးရိမ်ကျောင်းတိုင်မှာ ခေတ္တနားလို့ ဟင်္သာတမြို့က အမာခံအဖွဲ့ဝင်ဖြစ်တဲ့ အောင်သက်ပိုင်က သူကြိုတင်ဝယ်ယူစီစဉ်ပေးထားတဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲတို့ကို ကားနဲ့သွားသယ်ယူပြီး စက်လှေပေါ်တင်ရန်စီစဉ်နေကြတုန်း ကျန်တဲ့ STA အဖွဲ့ဝင်မောင်နှမတွေက ဘုန်းဘုန်းစီစဉ်ပေးထားတဲ့ လ္ဘက်ရည်နဲ့ ဘီစကစ်မုန့်တွေကို မြိန်ယှက်စွာစားတဲ့သူက စား၊ ညက လမ်းခရီး ကြမ်းလို့ ကားပေါ်မှာအိပ်မရဘဲ အိပ်ရေးပျက်နေကြတဲ့ မောင်နှမတစ်ချို့က ခုံပေါ်မှာမှောက်အိပ်လို့ အနားယူတဲ့သူကယူနဲ့ပေါ့ …… မစိုးရိမ်ကျောင်းတိုက်မှာ နာရီဝက်လောက်ခေတ္တအနားယူကြပြီး သွားရောက်လှူဒါန်းမယ့် ရွာလေးတွေကို ရွှာခံတွေနဲ့ အောင်သက်ပိုင်တို့ကပဲ လိုက်လံပို့ဆောင်ပေးပါတယ် … လှေဆိပ်ရောက်တော့ ကားပေါ်က လှူဖွယ်ပစ္စည်းတွေကို STA အဖွဲ့ဝင်မောင်နှမတွေကပဲ လက်ဆင့်ကမ်း သယ်လို့ စက်လှေပေါ်တင်နေကြတဲ့ မြင်ကွင်းလေးက အလွန်ကျက်သရေရှိပြီး ပီတိဖြစ်ဖွယ်မြင်ကွင်းလေးတစ်ခုေ
ပါ့ …. စက်လှေပေါ်ပစ္စည်းတွေတင်အပြီး ကျွန်မတို့အဖွဲ့ဝင်မောင်နှမတွေပါ စက်လှေပေါ်တက် နေရာယူလို့ စုစုပေါင်း စက်လှေ(၃)စီးနဲ့ အလှူခံပုဂ္ဂိုလ်တွေရှိမယ့် ရွာလေးတွေဆီကို ပထမဦးဆုံးချီတက်ခဲ့ကြပါတော့တယ်
….
ပထမဦးဆုံး ရောက်ရှိတဲ့ ရွာလေးကတော့ အောက်လေးရွာကျေးရွာလေးဆီကိုပါ …. စက်လှေ ကမ်းကပ်ပြီဆိုတာနဲ့ တစ်ရွာလုံးမှာရှိတဲ့ ရွာသူရွာသားတွေ သူ့ထက်ငါအလုအယက်လာရောက် သယ်ယူလို့ ရွာဦးဘုန်းကြီးကျောင်းပေါ်ပို့ပေးကြပါတယ် …. ကျွန်မလည်း ရေသန့်ဘူး(၆)လုံးစီပါ (၂)ပါကင်ကို သယ်လို့ ဘုန်းကြီးကျောင်းဆီသို့ လျှောက်လာတုန်း ကလေးမလေးတစ်ယောက်က အပြေးလေးလာလို့ “အစ်မ .. ညီမတို့ဝိုင်းသယ်ပေးမယ်” တဲ့ .. ဖြူစင်တဲ့ စိတ်ထားလေးတွေနဲ့ပါလားနော်လို့တွေးပြီး ပီတိဖြစ်ရပြန်ပါတယ် .. ကျောင်းပေါ်ရောက်တော့ ကျောင်းထိုင်ဘုန်းဘုန်းကပဲ မရှိတဲ့အထဲက ရအောင်စီစဉ်ပေးထားတဲ့ ကော်ဖီ၊ မုန့်နဲ့ ထန်းသီးမုန့်တွေကို မောင်နှမတွေအလုအယက် မြိန်ယှက်စွာစားဖြစ်ခဲ့ကြပါသေးတ
ယ် … ကျန်တဲ့အဖွဲ့ဝင်တွေ ခေတ္တအနားယူနေတုန်း ကိုအနက်ရောင်၊ ကိုဇော်၊ အဝေ(ဝေယံမင်း)၊ မောင်လေးဝေမျိုးဦး၊ ကိုဝေလင်းဦးနဲ့ မမသီတာတို့က အလှူပစ္စည်းများကို ဘယ်လောက်စီဝေမယ်နဲ့ အိမ်ထောင်စုစာရင်းနဲ့တိုက်လို့ ခွဲတမ်းချပေး နေကြပါတယ် …
ကျွန်မတို့ကျန်တဲ့ မောင်နှမတွေအားလုံးခေတ္တအနားယူအပြီး ကျွန်မတို့ရဲ့အလှူအစီအစဉ်လေးကို စလိုက်ကြပါတယ် .. ထိပ်ဆုံးမှာ ဆန်ချင်မယ့် မောင်နှမတွေက နေရာယူလို့ KTM ရေသန့်၊ ဆား၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ပဲနှင့် ဓါတ်ဆားထုပ်ဝေမယ့် မောင်နှမတွေက နေရာယူလို့ တန်းစီနေကြတာလည်း လှပသော မြင်ကွင်းလေးတစ်ခုပါပဲ …. မနိုင်မနင်းသယ်နေရတဲ့ တစ်ချို့ ရွာသူရွာသားတွေကိုတော့ ကျန်တဲ့ STA မောင်နှမ တွေက အထုပ်တွေလိုက်ကူသယ်ပေးလို့ မမောမပန်းလှုပ်ရှားနေတဲ့ မောင်နှမတွေရဲ့အရင်းခံစိတ်ထားလေး တွေကလည်း အလွန်လေးစားဖွယ်ကောင်းပါဘိနော် …. လှူဒါန်းမှုတွေအပြီးမှာတော့ ရွာဦးဘုန်းကြီးကျောင်း ကျောင်းထိုင်ဘုန်းဘုန်းကပဲ ရေစက်သွန်းချအမျှဝေလို့ ဒီရွာထက်ပိုဒုက္ခရောက်နေရတဲ့ ရွာလေးကို ဒကာလေးတို့တွေ ကျန်တဲ့ပစ္စည်းလေးတွေသွားရောက်လှ
ူဒါန်းလိုက်ကြပါအုံးလို့ မိန့်တော်မူတာနဲ့ ရေလယ်သောင်ရွာဆိုတဲ့ ရွာလေးဆီကို စက်လှေ(၃)စီးနဲ့ ဆက်လက်ချီတက်ခဲ့ကြပြန်ပါတယ် …
လူအရပ်တစ်ပေကျော်လောက်ရေအနက်ရှိတဲ့ ရေလယ်သောင်ရွာလေးဆီရောက်တော့လည်
း ကျောင်းထိုင် ဘုန်းဘုန်းနဲ့ ရွာခံတွေကပဲ နွေးထွေးအမှုအတိနဲ့ ကြိုဆိုကြပြန်ပါတယ် …. စီစဉ်ပေးထားတဲ့ လ္ဘက်သုတ်ကို မောင်နှမတွေ မြိန်ရေယှက်ရေစားနေတုန်း ကိုအနက်ရောင်၊ ကိုဇော်၊ အဝေ(ဝေယံမင်း)နဲ့ မောင်လေးဝေမျိုးဦး တို့ကပဲ ကျောင်းထိုင်ဘုန်းဘုန်းနဲ့ ရွာသားအချို့ကို Water Guard သုံးပုံသုံးနည်းကို ရှင်းပြပေးနေပါတယ် ….
အလှူပစ္စည်းတွေအားလုံးကို ကျောင်းထိုင်ဘုန်းဘုန်းဆီကိုပဲ လှူဒါန်းခဲ့ပြီး ကျွန်မတို့ အဖွဲ့ဝင်မောင်နှမတွေ အားလုံးဟင်္သာတမြို့ပေါ်ကိုပြန်ဖို့ စက်လှေပေါ်တက်တော့ နေ့လည် (၁း၃၀)နေပါပြီ …. စက်လှေစီးရာ တောက်လျှောက် ရွာခံတွေကပဲ ကမ်းပြိုလို့ပြန်လည်တည်ဆောက်နေကြရတဲ့ ရွာလေးတွေကို လိုက်လံပြသ ပေးပြီး သိချင်တာလေးတွေကို မမောနိုင်မပန်းနိုင်ရှင်းပြပေးနေပါတယ် … အပြန်ခရီးလမ်းတစ်ဝက်ရောက်တော့ မနေ့က ညကတည်းက ရွာမလိုလို မရွာမလိုလိုနဲ့ မာန်တင်းထားတဲ့ ကိုမိုးမင်းကတော့ အညှိုးနဲ့ကို ရွာချပါတော့တယ် .. ကျွန်မတို့ ကျန်တဲ့စက်လှေ(၂)စီးက လူအကုန်မဟုတ်တောင်နည်းငယ်ကို မိုးကာပေးနိုင်မယ့် အမိုးပါပေမယ့် .. ညီမလေး ဇလပ်၊ မောင်လေးသွေးစက်၊ ကိုညီ၊ ကိုထွန်းထွန်းဝင်း (အဖွဲ့ဝင်အသစ်)၊ မောင်လေးထက်၊ မောင်လေးရကောက်တို့နဲ့ ကျန်တဲ့အဖွဲ့ဝင်မောင်နှမတွေစီးလာတဲ့ စက်လှေကတော့ အမိုးလုံးဝမပါတော့ ကျွန်မတို့ကျန်တဲ့မောင်နှမတွေသူတို့အတွက် စိတ်ပူရသေးတယ် … မိုးထဲလေထဲမှာ ခိုက်ခိုက်တုန်အောင်အချမ်းခံပြီ
း မိနစ်(၂၀)လောက်စီးလိုက်တော့ (၂း၁၅)မှာ ဟင်္သာတမြို့လေးဆီသို့ ကမ်းကပ်လိုက်ပါတော့တယ် ….
ဒါနဲ့ အထုပ်အပိုးတွေအားလုံး ဘုန်းကြီးကျောင်းမှာထားခဲ့တာဆိုတော့ တစ်ယောက်မှ ထီးမပါတာနဲ့ ကျွန်မတို့ မောင်နှမအယောက်(၄၀)ကျော်လုံး ကမ်းကပ်ပြီဆိုတာနဲ့ မစိုးရိမ်ကျောင်းတိုက်ဆီကို ဖိနပ်မပါ ထီးမပါဘဲ မိုးရေထဲပြေးခဲ့ကြရတာကလည်း ပျော်စရာလေးပေါ့ …. ကျောင်းကိုအရောက် အ၀တ်အစားအပိုပါတဲ့ မောင်နှမတွေကလည်း အ၀တ်တွေလဲလို့ မပါတဲ့သူတွေအဖို့လည်း အ၀တ်အစားသွားဝယ်ဖို့ ကိုဇော်၊ အောင်သက်ပိုင်၊ အဝေ(ဝေယံမင်း)နဲ့ ကျွန်မတို့တွေ ဟင်္သာတဈေးလေးကို မိုးရေထဲ ဆိုင်ကယ်(၂)စီးနဲ့ ပြေးကြရပြန်ပါသေးတယ် …. ကျွန်မတို့တွေ လိုအပ်တာတွေသွားဝယ်နေတုန်း ကျန်တဲ့အဖွဲ့ဝင်မောင်နှမ တွေက မစိုးရိမ်ကျောင်းထိုင်ဘုန်းဘုန်
းနဲ့ နယ်ခံအချို့စီစဉ်ပေးထားတဲ့ နေ့လည်စာကို အားပါးတရအားပေး နေကြပါတယ် … ကျွန်မတို့ (၄)ယောက် ဈေးကပြန်အလာ အစိုတွေနဲ့ အ၀တ်အစားမလဲရသေးတဲ့ ညီမငယ်လေးတစ်ချို့ကို အ၀တ်အစားတွေလဲဝတ်ခိုင်းလို့ ကျွန်မကိုယ်တိုင်လည်း ရေစိုအ၀တ်တွေလဲနေတုန်း Light Truck ကားလေးက ကားထွက်တော့မယ်ဆိုတာနဲ့ အဲဒီကားနဲ့လိုက်ပါမယ့် ညီမငယ်လေးတွေ အပြေးအလွှားဖြစ်ကြရပြန်ပါသေးတယ် ….
ကားတစ်စီးရှေ့က ကြိုထွက်သွားပေမယ့် ကိုဇော်၊ အဝေ(ဝေယံမင်း)နဲ့ ကျွန်မတို့ (၃)ယောက်က နေ့လည်စာ မစားရသေးတဲ့အတွက် ဗိုက်ဆာဆာနဲ့ ဘုန်းကြီးကျောင်းကစီစဉ်ပေးထားတဲ့ နေ့လည်စာကို တ၀ကြီးစားခဲ့ကြပါတယ် .. ကျွန်မတို့ တွေ နေ့လည်စာစားအပြီးမှာတော့ ညနေ (၄း၀၀)ထိုးကာနီးနေပါပြီ .. ဒါနဲ့ ကျွန်မတို့လည်း ကားပေါ်တက်လို့ ကျွန်မတို့တွေရဲ့အပြန်ခရီးစဉ်လေးကို စတင်ခဲ့ကြပါတယ် … အပြန်လမ်းမှာ ဘယ်လောက်ပဲအ၀တ်အစားလဲခဲ့ လဲခဲ့ တစ်လမ်းလုံးမိုးကသည်း၊ ကားကလည်းအမိုးမပါနဲ့ ဒုက္ခခံစီးလာကြတဲ့ မောင်နှမတွေ (ကိုအနက်ရောင်၊ ကိုဇော်၊ အဝေ(ဝေယံမင်း)၊ မောင်လေးသွေးစက်၊ ညီမလေး ဇလပ်၊ ကိုဧပိုင်၊ မောင်လေးဝေမျိုးဦး၊ ညီမစုလေး၊ မောင်လေးဝင်းကောင်းမြတ်၊ မောင်လေးအောင်မြတ်ဇော်) အားလုံးဟာ မိုးရွာထဲမှာ ခိုက်ခိုက်တုန်အောင်ချမ်းနေသည့်
တိုင် အပြုံးတစ်ချက်မပျက်ဘဲ သီချင်းတွေအော်ဆိုလို့ ပျော်ရွှင်စွာအပြန်ခရီးလေးကို ည(၉း၁၅)တိတိမှာ အဆုံးသတ်ခဲ့ကြပါတော့တယ် …
မှတ်ချက်။ ပြည်တွင်းပြည်ပ STA အဖွဲ့ဝင်မောင်နှမအလှူရှင်များ၊ အခြားပြင်ပအလှူရှင်များ၊ ကားအကူအညီ ပေးခဲ့တဲ့ အဖွဲ့ဝင်သစ်ကိုထွန်းထွန်းဝင်း၊ လိုက်ပါလှူဒါန်းခဲ့တဲ့ KTM ရေသန့်မိသားစု၊ လိုက်ပါကုသိုလ်ယူခဲ့တဲ့ မောင်နှမ(၄၀)ကျော်၊ ဟင်္သာတမှ မစိုးရိမ်ကျောင်းတိုက်ဆရာတော်နှင့် နယ်ခံများ၊ ဟင်္သာတမှ STA အမာခံအဖွဲ့ဝင် အောင်သက်ပိုင်၊ ရွာမှရွာခံလူကြီးများနှင့် အခြားအခြားသောကုသိုလ်ရှင်များအားလုံးကို Save The Aged အဖွဲ့လေးကိုယ်စား၊ ပြည်တွင်းပြည်ပအဖွဲ့ဝင်မောင်နှမ
များကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ်ရှင် ……
မိုးည (သူရဲလေးကောင်)

No comments:

Post a Comment