*စိတ်ကောက်နတ်သမီးလေးလို့
ပြောတတ်တဲ့ ချစ်သူကောင်စုတ်လေး ...
*မာယာဖြူလွလွနဲ့ ပြုစားတတ်တဲ့
ကဝေပျိုမလေးလို့ပြောတတ်တဲ့
ချစ်သူကောင်စုတ်လေး ....
*မျက်စောင်းအလီလီနဲ့
အလဲထိုးပြီးအနိုင်ယူတဲ့
သက်တန့်လေးလို့ပြောတတ်တဲ့
ချစ်သူကောင်စုတ်လေး ....
*မင်းရဲ့ သက်ပြင်းပါးပါးလေး
ခိုးအရှိုက်မှာ ... ငါ့အသက်ရှူသံတွေ
ရပ်တန့်သွားပြီး ..
မင်းရှေ့မှာ အလီလီကျရှုံးခံဖို့ ...
အသင့် ဒူးထောက်နေတဲ့ ....
မင်းရဲ့ ချစ်သူနတ်သမီးလေးပါနော် .......
ချစ်သူ ကောင်စုတ်လေးရေ ...
မိုးညချမ်း(သရဲလေးကောင်)

0 comments:
Post a Comment